Customer တယောက်စီမှ Microsoft သို့ပေးပို့သောစာ
Attn: Bill Gates
Subject: ကွန်ပျူတာအသစ်မှ problem များ.

1. ကွန်ပျူတာမှာ START ပဲပါပြီး STOP မပါပါဘူး.ပြန်ပြီးဆန်းစစ်သင့်တယ်လို့ထင်ပါတယ်.
2. ကွန်ပျူတာမှာ RUN ပါတာတွေ့ပါတယ်. အဲ့ဒါကို SITလို့ပြောင်းပေးသင့်ပါတယ်. ဒါမှ ထိုင်နေရင်း အဲ့ဒီခလုပ်ကိုနှိပ်နိုင်မှာပါ။
3. FIND button ပါတာတွေ့လိုက်ပါတယ်. ဒါပေမယ့် တကယ်အသုံးမ၀င်ပါဘူး.ကျွန်တော့် မိန်းမ တံခါးသော့ပျောက်တာ FIND ကိုနှိပ်ပြီး ရှာပေမယ့်ရှာလို့မရပါဘူး။ ပြန်ဆန်းစစ်ပေးပါ။
Read More…


Aug 15

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ။ ပေ ၁၀၀၀တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ “ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunicationကို နားလည်နေကြပြီ” တဲ့။
Read More…



( ၁ ) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

( ၂ ) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့စဉ်းစားတွေးခေါ် မှုတွေ လုပ်မပေးရင် ဦးနှောက်ကိုကျုံ့စေပါတယ်။

( ၃ ) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှု တွေကိုလျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
Read More…



မနေ့က အိမ်ကို( မတ္ထီလာ )ဖုန်းဆက်ကြည့်တော့ အရမ်းပူတယ်လို့ ပြောပါတယ်။ လူတွေလည်းသေကြတာ မနဲဘူးဆိုဘဲ…ဒီနေ့လည်း
မိတ္ထီလာကလာတဲ့သူတွေနဲ့တွေ့လို့မေးကြည့်တာ တစ်နေ့ကို ခုနှစ်ယောက်လောက်သေတယ်ဆိုဘဲ ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့။
အထူးသဖြင့် သက်ကြီးပိုင်းတွေကဒီအပူဒဏ်ကိုမခံနိုင်လို့ ပိုပျက်ဆီးကြပါတယ်။သက်ကြီးပိုင်းဆိုပေမယ့်သက်ငယ်ပိုင်းတွေလည်း သတိ
ထားရပါ့မယ်။မဆင်မခြင်နေရင် လစ်သွားပါလိမ့်မယ်။

Read More…



မြန်မာဘောလုံးချစ်သူတို့ဆုံဆည်းရာ ကနေ ဦးဆောင်ပြီးပြု လုပ်နေတဲ့ ရေပြတ်လတ်နေတဲ့နေရာဒေသတွေကို ရေအလှူပေးရေးအစီအစဉ်လေးပါ..၀ိုင်းဝန်းကူညီကြပါလို့ နှိုးဆော်ပါတယ်ခင်ဗျာ…

မတ်ဖန်မိသားစုဝင်များ၏ ရေအလှူအတွက် လေ့လာရေး ခရီးစဉ်

Read More…



ကျွန်တော်လည်း မအားတော့ ပိုစ့်အသစ်မတင်ဖြစ်တာကြာပါပြီ..အခုလည်း အားတော့မအားဘူး..ဒါပေမယ့် ဘလော့ကိုသံယောဇဉ်က မပြတ်တော့ တစ်နေ့တစ်ခေါက်တော့ ၀င်ကြည့်မိတယ်..ကြည့်မိတိုင်းလည်း လာလည်ကြတဲ့သူတွေကို အရမ်းအားနာပါတယ်ဗျာ….ဒီနေ့တော့ နဲနဲအချိန်ရတာနဲ့…အခုလောလောဆယ် Hot ဖြစ်နေတဲ့ရာသီဥတုအကြောင်းဖတ်ရင်းနဲ့ ဒီအကြောင်းလေးကိုဘဲ ရေးဖြစ်သွားတယ်..အားလုံး တော့သတိထားမိပါတယ်..ဒါပေမယ့် ကိုယ်လည်းတတ်နိုင်တဲ့ဘက်ကနေ သတိမလစ်ကြရအောင် ဆော်သြောတဲ့အနေနဲ့ရေးလိုက်တာပါ…

Read More…



ကျွန်တော် ဒီနေ့ ၂၉.၄.၂၀၁၀ ဆိုရင် လူလောကထဲရောက်တာ ( ၂၇ )နှစ်ပြည့်မြောက်ခဲ့ပါပြီ..ဒီအတွက် ပထမဦးဆုံးအနေနဲ့ကျေးဇူးရှင် မိဘနှစ်ပါးကို စိတ်ထဲကနေဘဲ ကန့်တော့လိုက်ပါတယ်…ဒုတိယအနေနဲ့ ကိုဘလက်ခ် နဲ့ Myanmar Genius တို့ကို လည်း အထူးဘဲကျေးဇူးတင်ပါတယ်…နောက်ပြီး ကျွန်တော်လိုအပ်တဲ့အခါတိုင်း ကျွန်တော်ဘက်က နေ ရပ်တည်ပေးခဲ့ကြတဲ့ သူငယ်ချင်းဘော်ဘော်များနဲ့ လာလည်တဲ့ဘော်ဒါများကိုလည်း ကျေးဇူးအထူးတင်ပါတယ်…
ကျွန်တော်ကတော့ ဒီနေ့လုံးဝမအားတဲ့အတွက် ( အလုပ်ရှိလို့ပါ ) လာလည်တဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်းဧည့်မခံနိုင် တာကိုတော့ခွင့်လွှတ်ပေးကြပါ…ကျွန်တော်မွေးနေ့ပွဲလေး အထမြောက်သွားအောင် အကျွေးအမွေးအစီအစဉ်လေးကို အားပေးလိုက်ကြ ပါဦးခင်ဗျာ….
Read More…



ဒီနေ့ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်…ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အတုမရှိ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သုမေဓါရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဧကန်မုချဘုရားဖြစ်မည့် ဗျာဒိတ်တော်ကိုခံယူခြင်း၊ လုဗ္ဗိနီဥယျာဉ်တော်၌ ဗုဒ္ဓဘုရားလောင်းသိဒိတ္တမင်းသားကိုဖွားမြင်ခြင်း၊ အရာအားလုံးကိုသိမြင်တော်မူသည့် ဘုရားအဖြစ်ကိုရောက်ရှိတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း စသည့်ထူးခြားချက်များရှိခဲ့တာကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟူပင် ခေါ်ဆိုကြပါတယ်..

ဒါကြောင့် ဒီကဆုန်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဖွားဖက်တော် ( ၇ )မျိုးထဲမှာပါတဲ့ ဗောဓိညောင်ပင်အောက်မှာ သဗ္ဗညုတဥာဏ် ကိုရရှိပြီး အတုမရှိ မြတ်စွာဘုရားရှင်အဖြစ်ကို ရောက်ရှိတော်မူတဲ့နေ့ထူးနေ့မြတ်အားရည်စူးပြီး ပရိဘောဂစေတီအဖြစ်ဗောဓိညောင်ပင် ကိုရေသွန်းလောင်းကြပါတယ်…ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ( ၁၂ )လရာသီပွဲတော်ထဲမှာလည်း ရိုးရာပွဲတော်အဖြစ်သတ်မှတ်ထား ပါတယ်..ကဆုန်လ ညောင်ရေသွန်းပွဲဆိုပြီးတော့ပေါ့…
Read More…



အရင်ပိုစ့်က “ဗေဒါပျံ..အံကိုခဲ..ပန်းပန်လျက်ဘဲ” ကိုရေးရင်း ဆရာချစ်ဦးညိုကို သတိရမိပါတယ်…ဆရာ ချစ်ဦးညိုတို့ ၂၃.၁၁.၂၀၀၉ က စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် မူဆယ်ကိုလာပြီး ဟောပြောခဲ့ပါတယ်…ဆရာချစ်ဦးညိုနဲ့အတူ မောင်ငြိမ်းသူ( ကြို့ပင်ကောက် )နဲ့ အကြည်တော်တို့လည်း ပါလာပါတယ်.. ကျွန်တော်တော့သွားနားမထောင်ဖြစ်ခဲ့ပါဘူး.. အခွေရမှ နားထောင်ရတာပါ..မောင်ငြိမ်းသူ( ကြို့ပင်ကောက် )နဲ့ အကြည်တော်တို့ရဲ့ဟောပြောချက်တွေကိုလည်း နောက်ကြုံရင်တင်ပေးသွား ပါ့မယ်…အစကတော့ သုံးယောက် စလုံးရဲ့ ဗွီဒီယိုဖိုင်ကိုတင်ပေးမလို့ပါ…ဒါပေမယ့် ifile မှာတင်တာဘယ်လိုမှအဆင်မပြေလို့ပါ..file size ကလည်းကြီးတော့ တင်ရခက်နေတယ်..DVDတစ်ချပ်စာရှိပါတယ်.. အခုတောင် ဆရာချစ်ဦးညိုရဲ့ဟောပြောချက်ကို ဖြတ်ထုတ် ထားပြီး mp3 ပြောင်းလိုက်မှအဆင်ပြေတာပါ…ဒါကြောင့်..ဒီပိုစ့်မှာတော့ ဆရာချစ်ဦးညိုရဲ့အသံဖိုင်ကိုဘဲ နားထောင်ရင်း ကျေနပ်ကြပါ ခင်ဗျာ..တခြား ဖိုင်ဆိုဒ်ကြီးကြီးတင်လို့ရမယ့်နေရာရှိရင်လည်း ပြောကြပါဦး..

Read More…



လူရယ်လို့ဖြစ်လာပြီဆိုရင် ဖြတ်သန်းရတဲ့ဘ၀တစ်လျှောက် ဆူ၊ကြုံ၊နိမ့်၊မြင့် လောကဓံတရားတွေကို မလွဲမသေရင်ဆိုင်ဖြတ်သန်း
ကြရမှာပါ..ကြုံလည်း ကြုံခဲ့ကြဖူးပါပြီ..ရှေ့လျှောက်လည်း ကြုံကြရဦးမှာပါ..ကျွန်တော်လည်းတော်တော်များများကြုံခဲ့ဖူးပါတယ်..
တစ်ခါတစ်လေဆို ဟိုး..အောက်ဆုံးထိကို စိတ်ဓါတ်ကျသွားတာမျိုးတွေတောင် ကြုံခဲ့ဖူးပါတယ်..အလုပ်လုပ်ချင်စိတ်တွေဘာတွေ
တောင် ပျောက်သွားဖူးတယ်..အဲဒါတစ်ကယ်ဘဲ..လူတော်တော်များများလည်း.. ကြုံခဲ့ကြဖူးမှာပါ..တစ်ခါတစ်လေကိုယ်မျှော်လင့်
သလိုဖြစ်မလာတဲ့ အခါမျိုးပေါ့…ကိုယ်ကအကောင်းဆုံးကြိုးစားခဲ့တယ်…ဖြစ်လည်း ဖြစ်တယ်…ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ
စိတ်ဓါတ်ကို ရိုက်ချိုးခံရသလိုမျိုးကို ခံခဲ့ရတာ..ဘယ်လိုပြောရမလဲဆိုတော့…ကိုယ်လုပ်ရင်လုပ်သလောက်မခံစားရတာ..ကိုယ်
ကြိုးစားသလောက် မျှမျှတတအခွင့်အရေး မရရှိခဲ့တာပေါ့…
Read More…